
“ဘန်ကောက်မှာ အိမ်ခြံမြေကွန်ဒိုတိုက်ခန်း ဝယ်ရင် တိုးတိုးတိတ်တိတ်နဲ့ ပေးကမ်းပြီး FET ဆိုတဲ့ နိုင်ငံခြားငွေလွှဲကိစ္စကို ပေါ့ပေါ့ပါးပါး မဖြေရှင်းမိပါစေနဲ့”
အံ့ဩသွားလားရှင့် ….. အဲဒါ အမှန်ပါ ….ထိုင်းဘဏ် အကောင့်ကိစ္စတွေ နိုင်ငံခြားသားတိုင်း လိုလို ဖွင့်ပေးတုန်းကလည်း သူတို့ဘဲ …. ပိတ်တယ်ပြောတော့လည်း သူတို့ဘဲ ….. နမူနာ ဖြစ်ပျက်နေတာတောင် လုပ်နေတဲ့သူက လုပ်နေကြတုန်းဘဲလေ ……
တချို့က နိုင်ငံခြားသားတိုင်း အဲလိုဘဲ ဝယ်ထားကြတာ ဘာမှမဖြစ်ဘူး ….. ထိုင်းနိုင်ငံ အစိုးရက သူတို့ပြန်ထိခိုက်အောင် အဲဒိကိစ္စကို မလုပ်ဘူး …. မစိုးရိမ်နဲ့ လို့ …… လွယ်လွယ်လေး ပြောတတ်ကြတဲ့ စကားတွေက …… လုံးဝ … ချောက်ထဲ တွန်းချလိုက်တာနဲ့ အတူတူပါဘဲရှင် …..
ဒီလို ကိစ္စမျိုးတွေကို နိုင်ငံခြားသားတိုင်း လုပ်ကြတယ် ဆိုတာ ဟုတ်သလား …. ❓ မဟုတ်ပါဘူးရှင့် …. နိုင်ငံခြားငွေ အထွက်ပိတ်ထားတဲ့ တရုတ်နိုင်ငံတို့လို …. မြန်မာတို့လို နိုင်ငံတွေဘဲ လုပ်ကြတာပါ ….. အခြား နိုင်ငံခြားသားတွေက သူ့နိုင်ငံဘဏ်ကနေ အေးအေးဆေးဆေး ငွေလွှဲနိုင်ကြလို့ မပါကြပါဘူးရှင် …..
အခန်းကို ကြိုပွိုင့်နဲ့ ဝယ်တုန်းက FET ကိစ္စကို တိုးတိုးတိတ်တိတ် ပေးလိုက်ရင် ရတယ်ဆိုပြီး အခုမှ ရှုပ်ကုန်တာလား ဟင် …. ❓ မဟုတ်ပါဘူးရှင် …. ထိုင်းနိုင်ငံရဲ့ ဥပဒေမှာကိုက အရင်ကတည်းက တရားဝင် ငွေလွှဲပြီး ဝယ်ရမယ်လို့ Guide Line ကြေငြာပြီးသားပါ ….. ကိုယ့်နိုင်ငံ မဟုတ်ဘဲ သူများနိုင်ငံမှာ ဥပဒေကို လက်တစ်လုံးခြား လုပ်တာ … လုံးဝ … မလုပ်သင့်တဲ့ ကိစ္စပါ
ဟိုးအရင်က သူတို့ လက်ခံကြတာဘဲ …. အခုလည်း ဘာလို့ မရတော့တာလဲ …. ❓ လွန်ခဲ့တဲ့ ၂၀၂၄ ခုနှစ် ၊ ဧပြီလ အထိ ကွန်ဒိုတိုက်ခန်း ဝယ်ခဲ့သူတိုင်း …. လွယ်လင့်တကူ FET စာရွက်လေးတွေနဲ့ ရှင်းလို့ ရခဲ့ကြပါတယ် …. အဲဒိနောက်ပိုင်းမှာ နိုင်ငံတကာငွေကြေးအဖွဲ့အစည်းတွေက ထောက်ပြကြလို့ တရားဝင် ငွေလွှဲဖြစ်မှ လက်ခံရမယ်လို့ ပြောင်းလဲကုန်တာပါ ….
အခုလည်း ရနေတာဘဲလေ …. မပိတ်လို့ပေါ့ လို့ မေးစရာရှိပါတယ် … ❓ တရားဝင် မဟုတ်ပါဘူးရှင့် ….. မရတော့တာကို ရနေတယ် ဆိုကတည်းက သိသင့်ပါတယ်ရှင့် …. သိချင်ရင် သူတို့ဆီမှာ အမှန်တကယ် ငွေဝင်လာခဲ့တဲ့ Credit Advice စာရွက်တောင်းကြည့်လိုက်ပေါ့ …. အမှန်တကယ် လွှဲထားတဲ့ ငွေဆိုရင် အဲဒိစာရွက် ပြနိုင်ကြပါတယ်ရှင့် …..
Yar Lay တစ်ခု ပြန်မေးမယ်နော် ….. ကိုယ်က အိမ်ရှင်လား …. ဧည့်သည်လားရှင့် …. အိမ်ရှင်တိုင်းမှာ သူသတ်မှတ်ထားတဲ့ ဥပဒေဿတွေ ရှိပါတယ်ရှင့် ….. ဧည့်သည်ဆိုတာ အိမ်ရှင်ချမှတ်ထားတဲ့ ဥပဒေဿတွေကို လိုက်နာရမယ့် တာဝန်ရော …. ဝတ္တရားရောရှိပါတယ်ရှင့် … ကိုယ့်နိုင်ငံ မဟုတ်ဘဲ ဥပဒေကို လက်တစ်လုံးခြား လုပ်တာ မလုပ်သင့်တဲ့ ကိစ္စပါ
Yar Lay သဘောပြောရရင် …. ထိုင်းနိုင်ငံထဲမှာ တစ်ခုခု ပတ်သက်ရတော့မယ်ဆိုရင် ထိုင်းနိုင်ငံရဲ့ ဥပဒေ စည်းကမ်းလိုက်နာ ပေးပါလို့ဘဲ ပြောချင်ပါတယ်ရှင့် ….
အခုလည်း ထိုင်းဘတ်ငွေ ပေးပြီး FET စာရွက်နဲ့ဘဲ လုပ်လို့ ရနေတာလဲ …. ဘာထူးလဲ ❓ တနေ့နေ့မှာ ထိုင်းအစိုးရက နိုင်ငံခြားသားတွေ ဝယ်တဲ့ အိမ်ခြံမြေကွန်ဒိုတိုက်ခန်းတွေ အတွက် တရားဝင် ငွေလွှဲထားတဲ့ အထောက်အထားပြပါ ဆိုရင် …. ဘယ်လို ဖြေမလဲ … ❓ အခုတောင် ထိုင်းဘဏ်တွေမှာ စာရင်းဖွင့်ထားသူတွေတိုင်း ဘဏ်အကောင့်ဖွင့်ပေးတုန်းကလည်း သူတို့က ရတယ်ဆိုလို့ ဘတ် ၁၀၀၀၀ ကနေ ၁၅၀၀၀ လောက်အထိ ပေးပြီး ဘဏ်အကောင့်တွေ ဖွင့်ခဲ့ကြတယ်လေ …. အဲဒိတုန်းကလည်း အဲဒိလူတွေဘဲ မျက်နှာတွေ ပြုံးပြပြီး ဘဏ်ကောင့်ဖွင့်ပေးခဲ့ကြတာ မဟုတ်ဘူးလားရှင့် … မြန်မာသံရုံးထဲမှာ စားပွဲခုံလေးချပြီး Bank Account ဖွင့်တဲ့ Promotion တောင် လာလုပ်ခဲ့ကြသေးတာလည်း သူတို့ပါဘဲရှင့် …. အခုကြတော့ ဘဏ်အကောင့် ပိတ်တယ် ဆိုပြီး ….. “ဘယ်က ရတဲ့ငွေတွေ ထည့်ထားတာလဲ” …. “မြန်မာပြည်က လုပ်ငန်းလိုင်စင်တွေပြပါ” ….. “ဘာဗီဇာနဲ့ နေတာလဲ” …. “ကွန်ဒိုဝယ်ထားလို့ရတဲ့ Title Deed ရှိရင်ပြပါ” ….. “တစ်လ ဝင်ငွေ ဘယ်လောက်ရှိလဲ ….. ဘာလို့ အခုမှ မေးကြတော့တာဘဲ ….. ဘဏ်အကောင့်ဖွင့်ထားတဲ့ ဘယ်နိုင်ငံခြားသားမဆို ဘဏ်အကောင့်ပိတ်ခံရပြီး ခေါ်အမေးခံနေရတဲ့ ကိစ္စတွေပါ ….❓ ဒါကရော နိုင်ငံခြားသားတိုင်းလိုလို ဖွင့်ထားတာဘဲ ….. အခြားသူတွေ ပြောသလို နိုင်ငံခြားသားတိုင်းလိုလို ဘဏ်စာရင်းနေတာဘဲ ထိုင်းအစိုးရက နိုင်ငံခြားသားတွေ လန့်သွားအောင် ဘာလို့လုပ်တာလဲ …❓ အရင်က ပေါ့ပေါ့တန်တန် စစ်ဆေးပြီး လက်ခံခဲ့တာ ဖြစ်ခဲ့ပေမယ့် တိတိကျကျ စစ်ဆေးချင်တဲ့ အချိန် ပြန်ခေါ်စစ်ဆေးဖို့ သူတို့မှာ လုပ်ပိုင်ခွင့် ရှိလို့ …. သူတို့ လုပ်ချင်တဲ့ အချိန် လိုအပ်သလို လုပ်တတ်ကြတယ် ဆိုတာလေး သိကြပါလို့ ပြောပါရစေရှင့် ….
ကိုယ်တိုင် နိုင်ငံခြားဘဏ်ကနေ တရားဝင် ငွေဘယ်လိုလွှဲရင် ရသလဲ ….. ❓ Yar Lay တို့ရဲ့ Viber ကို ဖုန်းဆက်ပြီး မေးမြန်းနိုင်ပါတယ်ရှင် ….
ကိုယ်တိုင် မလုပ်တတ်ဘူး …. ဘယ်လို လွှဲရမလဲ မသိဘူး …. ကူညီပေးနိုင်လား ဆိုရင် တော့ ….. ❓ Yar Lay တို့က တရားဝင် စီစဉ်ဆောင်ရွက်ဖို့ ကူညီရန် အသင့်ပါဘဲရှင် …..
Yar Lay တို့ 711 Real Estate Co., Ltd. က ယနေ့အချိန်အထိ …… အိမ်ခြံမြေကွန်ဒိုတိုက်ခန်းတွေကို မြန်မာပြည်သူတွေအတွက် …….. အမှန်တကယ့်ကို ဝယ်ဖို့ သင့်လျှော်ဆုံးသော နေရာ ….. ဥပဒေအရ ပိုင်ဆိုင်မှု ခိုင်မာစွာ ရရှိမယ့် နေရာ ….. ဒေသပေါက်စျေးတွေနဲ့ သင့်တင့်သော တန်ဖိုးနဲ့ ရောင်းချတဲ့ ကွန်ဒို တိုက်ခန်း ….. Reputation ကောင်းတဲ့ Developer တွေရဲ့ ကွန်ဒိုတိုက်ခန်း …. After Service ကောင်းတဲ့ Developer တွေရဲ့ ကွန်ဒိုတိုက်ခန်း …… Quality ပိုင်းဆိုင်ရာ လုံးဝ စိတ်ချရတဲ့ ကွန်ဒိုတိုက်ခန်းတွေကိုသာ …. Yar တို့ 711 က ကြော်ငြာပြီး ရောင်းချလေ့ရှိပါတယ်ရှင့် …. Yar တို့က ဒီ စံထားရတဲ့ အချက်တွေနဲ့ မကိုက်ညီတဲ့ ကွန်ဒိုတိုက်ခန်းတွေကို လုံးဝ မကြော်ငြာပါဘူးရှင် …. ဥပဒေအရ လိုက်နာရမယ့် စည်းကမ်းတွေနဲ့ ကိုက်ညီဖို့ စဝယ်တဲ့နေ့ကနေ အခန်းသော့အပ်သည်အထိ တာဝန်ယူ/ တာဝန်ခံမှုရှိစွာ ရောင်းချပေးလျှက်ရှိပါတယ်ရှင့် ….
အမှန်တကယ် တရားဝင် ငွေလွှဲချင်သူများသာ ဆက်သွယ်ပါရှင့် ….. ကူညီပေးဖို့ အသင့်ပါဘဲရှင့် … အခက်အခဲရှိလို့ ဆွေးနွေးချင်ရင် ဖြစ်ဖြစ် ၊ ဝယ်ချင်တာ ဖြစ်ဖြစ် ….. 711 ရဲ့ ထိုင်းဖုန်းတွေဖြစ်တဲ့ … (+66) 09 2840 6390 နှင့် (+66) 06 1 2211 698 ကို ဖုန်းဆက်မေးမြန်းနိုင်ပါတယ်ရှင့် ….. Line ကဖြစ်စေ ….. Viber က ဖြစ်စေ ချိတ်ဆက်ချင်ရင်တော့ +66928406390 ကိုသာ ချိတ်ဆက်လိုက်ပါရှင့် …. လူတိုင်း တရားဝင် အိမ်ခြံမြေ တိုက်ခန်းများ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်း ပို့သရင်း ……