ဥပဒေ

“ဘန်ကောက်မှာ အိမ်ခြံမြေကွန်ဒိုတိုက်ခန်း ဝယ်ရင် တိုးတိုးတိတ်တိတ်နဲ့ ပေးကမ်းပြီး FET ဆိုတဲ့ နိုင်ငံခြားငွေလွှဲကိစ္စကို ပေါ့ပေါ့ပါးပါး မဖြေရှင်းမိပါစေနဲ့”

4/18/2026
“ဘန်ကောက်မှာ အိမ်ခြံမြေကွန်ဒိုတိုက်ခန်း ဝယ်ရင် တိုးတိုးတိတ်တိတ်နဲ့ ပေးကမ်းပြီး FET ဆိုတဲ့ နိုင်ငံခြားငွေလွှဲကိစ္စကို ပေါ့ပေါ့ပါးပါး မဖြေရှင်းမိပါစေနဲ့”

😱 “ဘန်ကောက်မှာ အိမ်ခြံမြေကွန်ဒိုတိုက်ခန်း ဝယ်ရင် တိုးတိုးတိတ်တိတ်နဲ့ ပေးကမ်းပြီး FET ဆိုတဲ့ နိုင်ငံခြားငွေလွှဲကိစ္စကို ပေါ့ပေါ့ပါးပါး မဖြေရှင်းမိပါစေနဲ့”

❓ အံ့ဩသွားလားရှင့် ….. အဲဒါ အမှန်ပါ ….ထိုင်းဘဏ် အကောင့်ကိစ္စတွေ နိုင်ငံခြားသားတိုင်း လိုလို ဖွင့်ပေးတုန်းကလည်း သူတို့ဘဲ …. ပိတ်တယ်ပြောတော့လည်း သူတို့ဘဲ ….. နမူနာ ဖြစ်ပျက်နေတာတောင် လုပ်နေတဲ့သူက လုပ်နေကြတုန်းဘဲလေ …… ⁉️

.❌ တချို့က နိုင်ငံခြားသားတိုင်း အဲလိုဘဲ ဝယ်ထားကြတာ ဘာမှမဖြစ်ဘူး ….. ထိုင်းနိုင်ငံ အစိုးရက သူတို့ပြန်ထိခိုက်အောင် အဲဒိကိစ္စကို မလုပ်ဘူး …. မစိုးရိမ်နဲ့ လို့ …… လွယ်လွယ်လေး ပြောတတ်ကြတဲ့ စကားတွေက …… လုံးဝ … ချောက်ထဲ တွန်းချလိုက်တာနဲ့ အတူတူပါဘဲရှင် …..

.❓ ဒီလို ကိစ္စမျိုးတွေကို နိုင်ငံခြားသားတိုင်း လုပ်ကြတယ် ဆိုတာ ဟုတ်သလား …. ❓

❌ မဟုတ်ပါဘူးရှင့် …. နိုင်ငံခြားငွေ အထွက်ပိတ်ထားတဲ့ တရုတ်နိုင်ငံတို့လို …. မြန်မာတို့လို နိုင်ငံတွေဘဲ လုပ်ကြတာပါ ….. အခြား နိုင်ငံခြားသားတွေက သူ့နိုင်ငံဘဏ်ကနေ အေးအေးဆေးဆေး ငွေလွှဲနိုင်ကြလို့ မပါကြပါဘူးရှင် …..

.❓ အခန်းကို ကြိုပွိုင့်နဲ့ ဝယ်တုန်းက FET ကိစ္စကို တိုးတိုးတိတ်တိတ် ပေးလိုက်ရင် ရတယ်ဆိုပြီး အခုမှ ရှုပ်ကုန်တာလား ဟင် …. ❓

❌ မဟုတ်ပါဘူးရှင် …. ထိုင်းနိုင်ငံရဲ့ ဥပဒေမှာကိုက အရင်ကတည်းက တရားဝင် ငွေလွှဲပြီး ဝယ်ရမယ်လို့ Guide Line ကြေငြာပြီးသားပါ ….. ကိုယ့်နိုင်ငံ မဟုတ်ဘဲ သူများနိုင်ငံမှာ ဥပဒေကို လက်တစ်လုံးခြား လုပ်တာ … လုံးဝ … မလုပ်သင့်တဲ့ ကိစ္စပါ

.❓ ဟိုးအရင်က သူတို့ လက်ခံကြတာဘဲ …. အခုလည်း ဘာလို့ မရတော့တာလဲ …. ❓

✅ လွန်ခဲ့တဲ့ ၂၀၂၄ ခုနှစ် ၊ ဧပြီလ အထိ ကွန်ဒိုတိုက်ခန်း ဝယ်ခဲ့သူတိုင်း …. လွယ်လင့်တကူ FET စာရွက်လေးတွေနဲ့ ရှင်းလို့ ရခဲ့ကြပါတယ် …. အဲဒိနောက်ပိုင်းမှာ နိုင်ငံတကာငွေကြေးအဖွဲ့အစည်းတွေက ထောက်ပြကြလို့ တရားဝင် ငွေလွှဲဖြစ်မှ လက်ခံရမယ်လို့ ပြောင်းလဲကုန်တာပါ ….

.❓ အခုလည်း ရနေတာဘဲလေ …. မပိတ်လို့ပေါ့ လို့ မေးစရာရှိပါတယ် … ❓

❌ တရားဝင် မဟုတ်ပါဘူးရှင့် ….. မရတော့တာကို ရနေတယ် ဆိုကတည်းက သိသင့်ပါတယ်ရှင့် ….

✅ သိချင်ရင် သူတို့ဆီမှာ အမှန်တကယ် ငွေဝင်လာခဲ့တဲ့ Credit Advice စာရွက်တောင်းကြည့်လိုက်ပေါ့ ….

✅ အမှန်တကယ် လွှဲထားတဲ့ ငွေဆိုရင် အဲဒိစာရွက် ပြနိုင်ကြပါတယ်ရှင့် …..

.❓ Yar Lay တစ်ခု ပြန်မေးမယ်နော် ….. ကိုယ်က အိမ်ရှင်လား …. ဧည့်သည်လားရှင့် ….

✅ အိမ်ရှင်တိုင်းမှာ သူသတ်မှတ်ထားတဲ့ ဥပဒေဿတွေ ရှိပါတယ်ရှင့် …..

✅ ဧည့်သည်ဆိုတာ အိမ်ရှင်ချမှတ်ထားတဲ့ ဥပဒေဿတွေကို လိုက်နာရမယ့် တာဝန်ရော …. ဝတ္တရားရောရှိပါတယ်ရှင့် …

✅ ကိုယ့်နိုင်ငံ မဟုတ်ဘဲ ဥပဒေကို လက်တစ်လုံးခြား လုပ်တာ မလုပ်သင့်တဲ့ ကိစ္စပါ

🙏🏻 Yar Lay သဘောပြောရရင် …. ထိုင်းနိုင်ငံထဲမှာ တစ်ခုခု ပတ်သက်ရတော့မယ်ဆိုရင် ထိုင်းနိုင်ငံရဲ့ ဥပဒေ စည်းကမ်းလိုက်နာ ပေးပါလို့ဘဲ ပြောချင်ပါတယ်ရှင့် ….

.❓ အခုလည်း ထိုင်းဘတ်ငွေ ပေးပြီး FET စာရွက်နဲ့ဘဲ လုပ်လို့ ရနေတာလဲ …. ဘာထူးလဲ ❓

❓ တနေ့နေ့မှာ ထိုင်းအစိုးရက နိုင်ငံခြားသားတွေ ဝယ်တဲ့ အိမ်ခြံမြေကွန်ဒိုတိုက်ခန်းတွေ အတွက် တရားဝင် ငွေလွှဲထားတဲ့ အထောက်အထားပြပါ ဆိုရင် …. ဘယ်လို ဖြေမလဲ … ❓

✅ အခုတောင် ထိုင်းဘဏ်တွေမှာ စာရင်းဖွင့်ထားသူတွေတိုင်း ဘဏ်အကောင့်ဖွင့်ပေးတုန်းကလည်း သူတို့က ရတယ်ဆိုလို့ ဘတ် ၁၀၀၀၀ ကနေ ၁၅၀၀၀ လောက်အထိ ပေးပြီး ဘဏ်အကောင့်တွေ ဖွင့်ခဲ့ကြတယ်လေ ….

❓ အဲဒိတုန်းကလည်း အဲဒိလူတွေဘဲ မျက်နှာတွေ ပြုံးပြပြီး ဘဏ်ကောင့်ဖွင့်ပေးခဲ့ကြတာ မဟုတ်ဘူးလားရှင့် …

❓ မြန်မာသံရုံးထဲမှာ စားပွဲခုံလေးချပြီး Bank Account ဖွင့်တဲ့ Promotion တောင် လာလုပ်ခဲ့ကြသေးတာလည်း သူတို့ပါဘဲရှင့် ….

❓ အခုကြတော့ ဘဏ်အကောင့် ပိတ်တယ် ဆိုပြီး …..

❓ “ဘယ်က ရတဲ့ငွေတွေ ထည့်ထားတာလဲ” ….

❓ “မြန်မာပြည်က လုပ်ငန်းလိုင်စင်တွေပြပါ” …..

❓ “ဘာဗီဇာနဲ့ နေတာလဲ” ….

❓ “ကွန်ဒိုဝယ်ထားလို့ရတဲ့ Title Deed ရှိရင်ပြပါ” …..

❓ “တစ်လ ဝင်ငွေ ဘယ်လောက်ရှိလဲ ….. ဘာလို့ အခုမှ မေးကြတော့တာဘဲ …..

✅ ဘဏ်အကောင့်ဖွင့်ထားတဲ့ ဘယ်နိုင်ငံခြားသားမဆို ဘဏ်အကောင့်ပိတ်ခံရပြီး ခေါ်အမေးခံနေရတဲ့ ကိစ္စတွေပါ ….❓

❓ ဒါကရော နိုင်ငံခြားသားတိုင်းလိုလို ဖွင့်ထားတာဘဲ ….. အခြားသူတွေ ပြောသလို နိုင်ငံခြားသားတိုင်းလိုလို ဘဏ်စာရင်းနေတာဘဲ ထိုင်းအစိုးရက နိုင်ငံခြားသားတွေ လန့်သွားအောင် ဘာလို့လုပ်တာလဲ …❓

✅ အရင်က ပေါ့ပေါ့တန်တန် စစ်ဆေးပြီး လက်ခံခဲ့တာ ဖြစ်ခဲ့ပေမယ့် တိတိကျကျ စစ်ဆေးချင်တဲ့ အချိန် ပြန်ခေါ်စစ်ဆေးဖို့ သူတို့မှာ လုပ်ပိုင်ခွင့် ရှိလို့ …. သူတို့ လုပ်ချင်တဲ့ အချိန် လိုအပ်သလို လုပ်တတ်ကြတယ် ဆိုတာလေး သိကြပါလို့ ပြောပါရစေရှင့် ….

.❓ ကိုယ်တိုင် နိုင်ငံခြားဘဏ်ကနေ တရားဝင် ငွေဘယ်လိုလွှဲရင် ရသလဲ ….. ❓

👍 Yar Lay တို့ရဲ့ Viber ကို ဖုန်းဆက်ပြီး မေးမြန်းနိုင်ပါတယ်ရှင် ….

.❓ ကိုယ်တိုင် မလုပ်တတ်ဘူး …. ဘယ်လို လွှဲရမလဲ မသိဘူး …. ကူညီပေးနိုင်လား ဆိုရင် တော့ ….. ❓

👍 Yar Lay တို့က တရားဝင် စီစဉ်ဆောင်ရွက်ဖို့ ကူညီရန် အသင့်ပါဘဲရှင် …..

✅ Yar Lay တို့ 711 Real Estate Co., Ltd. က ယနေ့အချိန်အထိ ……

👍 အိမ်ခြံမြေကွန်ဒိုတိုက်ခန်းတွေကို မြန်မာပြည်သူတွေအတွက် ……..

👍 အမှန်တကယ့်ကို ဝယ်ဖို့ သင့်လျှော်ဆုံးသော နေရာ …..

👍 ဥပဒေအရ ပိုင်ဆိုင်မှု ခိုင်မာစွာ ရရှိမယ့် နေရာ …..

👍 ဒေသပေါက်စျေးတွေနဲ့ သင့်တင့်သော တန်ဖိုးနဲ့ ရောင်းချတဲ့ ကွန်ဒို တိုက်ခန်း …..

👍 Reputation ကောင်းတဲ့ Developer တွေရဲ့ ကွန်ဒိုတိုက်ခန်း ….

👍 After Service ကောင်းတဲ့ Developer တွေရဲ့ ကွန်ဒိုတိုက်ခန်း ……

👍 Quality ပိုင်းဆိုင်ရာ လုံးဝ စိတ်ချရတဲ့ ကွန်ဒိုတိုက်ခန်းတွေကိုသာ ….

📣 Yar တို့ 711 က ကြော်ငြာပြီး ရောင်းချလေ့ရှိပါတယ်ရှင့် ….

📣 Yar တို့က ဒီ စံထားရတဲ့ အချက်တွေနဲ့ မကိုက်ညီတဲ့ ကွန်ဒိုတိုက်ခန်းတွေကို လုံးဝ မကြော်ငြာပါဘူးရှင် ….

📣 ဥပဒေအရ လိုက်နာရမယ့် စည်းကမ်းတွေနဲ့ ကိုက်ညီဖို့ စဝယ်တဲ့နေ့ကနေ အခန်းသော့အပ်သည်အထိ တာဝန်ယူ/ တာဝန်ခံမှုရှိစွာ ရောင်းချပေးလျှက်ရှိပါတယ်ရှင့် ….

.❓ အမှန်တကယ် တရားဝင် ငွေလွှဲချင်သူများသာ ဆက်သွယ်ပါရှင့် ….. ကူညီပေးဖို့ အသင့်ပါဘဲရှင့် …

☎️ အခက်အခဲရှိလို့ ဆွေးနွေးချင်ရင် ဖြစ်ဖြစ် ၊ ဝယ်ချင်တာ ဖြစ်ဖြစ် …..

👍 711 ရဲ့ ထိုင်းဖုန်းတွေဖြစ်တဲ့ … (+66) 09 2840 6390 နှင့် (+66) 06 1 2211 698 ကို ဖုန်းဆက်မေးမြန်းနိုင်ပါတယ်ရှင့် …..

👍 Line ကဖြစ်စေ ….. Viber က ဖြစ်စေ ချိတ်ဆက်ချင်ရင်တော့ +66928406390 ကိုသာ ချိတ်ဆက်လိုက်ပါရှင့် ….

🙏🏻 လူတိုင်း တရားဝင် အိမ်ခြံမြေ တိုက်ခန်းများ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်း ပို့သရင်း ……

. . . . . .

.

#711RealEstate #711ဖောက်သည်များ #711 #711RealEstateThailand #Bangkokမှာ_Passive_Income_ဘယ်လိုရှာမလဲ #bangkokက_condominiumအခန်းတွေ_ရင်းနှီးမြုပ်နှံဖို့_property_investment_consulatation_package_ယူမယ် #ဘန်ကောက်ကွန်ဒိုအရောင်း #ဘန်ကောက်ကွန်ဒို #bangkokpropertyinvestment #realestatethailand #bangkokcondoforsale #Sansiri #Ananda #Noble #RegentGreenPower #SCASSET #APThailand #Major #GrandUnity #SENA #Supalai