ဈေးကွက် သတင်း

AP Developer ကလဲ Long Stay Visa Supports လုပ်ပေးပါပြီရှင်…

4/17/2026

AP Developer ကလဲ Long Stay Visa Supports လုပ်ပေးပါပြီရှင်…

AP Thailandသည် Thailand Longstay Management – TLM နှင့် ပူးပေါင်းဆောင်ရွက်ကြောင်း ကြေညာခဲ့ပြီး၊ (ဘတ် 3 သန်း ) နှင့်အထက်ရှိ AP ကွန်ဒို ဝယ်ယူသော နိုင်ငံခြားသားဖောက်သည်များအား ဗီဇာစီမံခန့်ခွဲမှုဝန်ဆောင်မှုများ ပေးအပ်သွားမည်ဖြစ်သည်။ ၎င်းသည် အပြည်ပြည်ဆိုင်ရာအဆင့်မီ လူနေမှုစံနှုန်းများကို မြှင့်တင်ရန်နှင့် ထိုင်းနိုင်ငံကို “World-Class Living Destination” အဖြစ် တည်တံ့ခိုင်မြဲစွာ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ထားသည်။

နိုင်ငံခြားသားဖောက်သည်များအတွက် အထူးအခွင့်အရေး THE ADDRESS, RHYTHM, LIFE နှင့် ASPIRE အမှတ်တံဆိပ်များအောက်ရှိ AP ကွန်ဒိုများကို ဘတ် 3 Millions နှင့်အထက် ဝယ်ယူပြီး အမည်လွှဲပြောင်းပြီးသူများအတွက် —

  1. Free Visa Application Fee ပထမနှစ်အတွက် ဗီဇာလျှောက်လွှာကြေး ဘတ် 27,000 ကို AP မှ ထောက်ပံ့ပေးမည်။

  2. 20-Year Membership Thailand Longstay (TLM) အဖွဲ့ဝင်အဖြစ် 20 နှစ်ဆက်တိုက် အသင်းဝင်ခွင့် ပေးအပ်မည် (ရေရှည်အတွက် စိတ်ချယုံကြည်စွာနေထိုင်နိုင်ရန်)။

  3. Fast Track Service TLM အသင်းဝင်အတွင်း လေဆိပ် Fast Track ဝန်ဆောင်မှုကို တစ်နှစ်လျှင် 4 ကြိမ် (ဝင် 2 ကြိမ်၊ ထွက် 2 ကြိမ်) အသုံးပြုနိုင်မည်။

  4. Visa Fee Discount (Year 2) ဒုတိယနှစ်တွင် ဗီဇာလျှောက်ထားရာတွင် ဘတ် 7,000 ထပ်မံထောက်ပံ့ပေးမည်။

  5. Exclusive Promotion THE ADDRESS, RHYTHM, LIFE နှင့် ASPIRE အမှတ်တံဆိပ်များအောက်ရှိ အဆင်သင့်နေထိုင်နိုင်သော ကွန်ဒိုများအတွက် အထူးစျေးနှုန်းနှင့် နိုင်ငံခြားသားဖောက်သည်များအတွက် အများဆုံး ဘတ် 1 Million အထိ လျှော့စျေးရရှိပါမည်။ 13 ဖေဖော်ဝါရီ 2026 မှ စတင်အသက်ဝင်ပါမည်။

  6. Professional Concierge TLM မှ ကျွမ်းကျင်အဖွဲ့က စာရွက်စာတမ်းများကို တာဝန်ယူညှိနှိုင်းပြင်ဆင်ပေးမည် (ဥပဒေအရ စည်းကမ်းချက်များအောက်တွင် ပြတ်သား၊ ပွင့်လင်းစွာ ဆောင်ရွက်ပေးမည်)။

ဤဝန်ဆောင်မှုသည် ကွန်ဒိုတစ်ခန်း ပေးအပ်ခြင်းသာမက၊ ပရော်ဖက်ရှင်နယ်ယုံကြည်မှုကို တည်ဆောက်ပြီး အရည်အသွေးမြင့် နိုင်ငံခြားသားဖောက်သည်များကို ဆွဲဆောင်ကာ ထိုင်းစီးပွားရေးကို အားဖြည့်ပေးမည်ဖြစ်သည်။ ထို့အပြင် AP Thailand ၏ (ကိုယ်တိုင်ရွေးချယ်နိုင်သော ကောင်းမွန်သောဘဝ) ဆိုသော မျှော်မှန်းချက်ကို ထပ်မံအတည်ပြုလိုက်ခြင်းလည်း ဖြစ်သည်)